လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ယနေ့(၂၈-၇-၂၀၂၃) ရက်၊ သောကြာနေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်ဆွေလှိုင်က သင်တန်းကာလအတွင်း သင်ခန်းစာ များကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် မျှဝေဆွေးနွေးပေးပါသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ နှင့် မိတ်ဖက်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၂/၂၀၂၃)သို့ တက်ရောက်ခဲ့ သည့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆင်းပွဲအခမ်းအနားတွင် ဌာနဆိုင်ရာမှ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အရပ်ဖက် မိတ်ဖက်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့နှင့် သတင်းမီဒီယာများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းအား သင်တန်းသား(၂၀)ဦးဖြင့် (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ အတွင်း သင်တန်းနည်းပြများမှ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးစခန်း များ၏ လုပ်ငန်းတာဝန်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ၊ မူးယစ်ဆေးစွဲရောဂါနှင့် ကုသမှုပုံစံများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးနှင့် အန္တရာယ်များအကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများ၊ ကြုံတွေ့နိုင် သော အခက်အခဲများနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း သင်ကြားပို့ချပေးခဲ့ပါသည်။


သင်တန်းသား/သင်တန်းသူများ၏ သင်တန်းဆင်းလက်မှတ်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က ပေးအပ်ခဲ့ပြီး အခမ်းအနားအား နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR