မသန်စွမ်းသူများအတွက် CERP အရ ငွေကြေးထောက်ပံ့ခြင်း ဆွေးနွေးပွဲကိုOnline စနစ်ဖြင့် ယနေ့ နေ့လယ်(၁)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချူပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

  ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကအဖွင့်အမှာစကားတွင် မသန်စွမ်းသူများအတွက် CERP အရငွေကြေးထောက်ပံ့ခြင်းအတွက် ဆက်သွယ်ဆောင်ရွက် ရန် တယ်လီဖုန်းလိုင်းများထားရှိသင့်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့်လည်း ကနဦး ထောက်ပံ့ကြေးမရရှိသူစာရင်းတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနသို့ ပေးပို့ညှိနှိုင်းထားပါ ကြောင်း၊ ယခုလို ကိုဗစ်-၁၉ကာလအတွင်း မသန်စွမ်းသူများအတွက်ထောက်ပံ့ရာတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ပူးပေါင်းပါဝင်ပေးမှုဖြင့်ပိုမိုအားကောင်းနိုင်ပါကြောင်း ပြောကြားပါ သည်။

  ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း မသန်စွမ်းသူများအတွက် မျက်မမြင်လက်စမ်းစာ၊ SignLanguage၊ Easy Read စသည်ဖြင့် မသန်စွမ်းမှုအလိုက် ကိုဗစ်-၁၉အသိပညာပေးအစီအစဉ်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းအမျိုးသမီးများအတွက်လည်း ထောက်ပံ့ခဲ့ပါကြောင်း၊ ပုဂ္ဂလိကကျောင်း(၁၃)ကျောင်းရှိ အမြင်အာရုံမသန်စွမ်းသူ (၆၅၈)ဦးအတွက်လည်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီနှင့် ချိတ်ဆက်၍ နေအိမ်များရှိ ဆင်းရဲနွမ်းပါး သော မသန်စွမ်းသူများ၊ Home Quarantine ဝင်နေရသည့် မသန်စွမ်းသူများ၊ FacilityQuarantine ဝင်ရောက်ရသည့် မသန်စွမ်းသူများ၊ COVID-19 ခံစားရသည့်မသန်စွမ်းသူများအတွက်လည်း ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရလည်း မသန်စွမ်းသူတစ်ဦးလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် မသန်စွမ်းသူဦးရေ (၂)သိန်း အတွက်ထောက်ပံ့ပေးနေပါကြောင်း၊ ထို့ကြောင့် ယနေ့ ဆွေးနွေးပွဲသည်ငွေကြေးထောက်ပံ့ရာတွင် စာရင်းကောက်ယူထားသည့် မသန်စွမ်းသူတစ်ဦးချင်းစီအတွက် အသေအချာပေးအပ်နိုင်ရေးနှင့် အခြားမလိုလားအပ်သည့်ပြဿနာများ မဖြစ်ပွားစေရေးတို့အတွက် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ ဖွဲ့စည်းထား သည့် တိုင်းဒေသကြီး၊ပြည်နယ်မသန်စွမ်းအသင်းများအကြား ပူးပေါင်း၍ ထိထိရောက်ရောက်ထောက်ပံ့သွားနိုင်ရန် ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။

  ထို့နောက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူးများနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှတာဝန်ရှိသူများမှ CERP အရ မသန်စွမ်း သူများအား ငွေကြေးထောက်ပံ့ခြင်းအတွက် လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ ကာလဖြစ်စေသောကြောင့် အခက်အခဲ ကြုံတွေ့ရသည့် အခြေအနေများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။



နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR