(၂၄)ကြိမ်မြောက် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့  ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Online Meeting (Zoom)ဖြင့် ကျင်းပခဲ့ရာ မိုင်းအန္တရာယ်အသိပညာပေးရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်ထွန်းနှင့် UNICEF (Myanmar) မှ Child Protection Specialist ဖြစ်သူ Mr. Danee Luhar တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။
  အစည်းအဝေးတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ၎င်းတို့၏ လက်ရှိ မိုင်းအန္တရာယ်အသိပညာပေးရေးနှင့် မိုင်းကြောင့်ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ UNICEF (Myanmar)မှ ကိုယ်စားလှယ်တစ်ဦးက မိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများအန္တရာယ် အသိပညာပေး အခြေအနေများအား ခြုံငုံသုံးသပ် အကဲဖြတ်တင်ပြခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော မိုင်းကြောင့်ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် Humanitarian Inclusion (HI) အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက အပြည်ပြည်ဆိုင်ရာ မိုင်းရှင်းလင်းရေး စံချိန်စံညွှန်း (International Mine Action Standards)နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။
  ထို့နောက် တက်ရောက်လာသူများက COVID-19 ပျံ့နှံ့စဉ်ကာလအတွင်း မိုင်းအန္တရာယ် အသိပညာပေးမှုများ မည်ကဲ့သို့ဆောင်ရွက်နိုင်မည်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
  အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ပညာရေးသုတေသနနှင့် စီမံကိန်းလေ့ကျင့်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ UNICEF ၊ International Red Cross Committee (ICRC)၊ Norwegian People’s Aid (NPA)၊ Mine Action Initiative၊ Mine Advisory Group (MAG)၊ HALO Trust၊ Humanitarian Inclusion (HI)၊ Danish Refugee Council (DRC/ DDG)၊ Kachin Baptist Convention (KBC)၊ Catholic Relief Services (CRS)၊ Peace Myanmar Aid၊ Myanmar Physically Handicapped Association (MPHA) အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR