ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


၂၈ ဇန်နဝါရီ ၂၀၂၁


၁။     (၂၇-၁-၂၀၂၁) ရက်နေ့၌ သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စုရှိ ကြာအင်းကျေးရွာ၊ ပန်းဒေါ့ကျေးရွာ၊ သူရဲ‌တောင်ကျေးရွာနှင့် ကြက်စာပြင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ အား အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပေးပို့လာသော UNICEF မှ လှူဒါန်းသည့် Hygiene Kit-E (၃၀) ဘူးကို ၎င်း ကျေးရွာ(၄)ရွာရှိ ဆင်းရဲနွမ်းပါးသည့် အိမ်‌ထောင်စု (၃၀)စုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊


၂။     (၂၇-၁-၂၀၂၁) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်နှင့် ဘုမ္မော်ရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက် သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask နှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင် ဝေငှပေးခဲ့၍လည်းကောင်း၊

 

၃။     (၂၇-၁-၂၀၂၁) ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များ နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပျဉ်းမနား မြို့နယ်၊ သန္တာရာမ သီလရှင်စာသင်တိုက်၊ ညောင်ပင်သာကျေးရွာ၊ သနပ်ပင်ကျေးရွာ၊ ထောက်ရှာပင်ကျေးရွာ၊ မအူပင် ကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ ဆင်သေကျေးရွာတို့တွင် ပြည်သူများအား အသိ ပညာပေးခြင်း၊ Hygiene kit(E)၊ ရေသန့် ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များအား ထောက်ပံ့ ပေးအပ်ခဲ့၍လည်းကောင်း၊

 

၄။     (၂၇-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြိုနယ်၊ ဖန်းခါးကျင်းကျေးရွာ၊ ကြီးဗဒုံကျေးရွာ၊ ဇီးတောစံပြကျေးရွာ၊ ပိုးကုန်းကျေးရွာ၊ မြို့ပေါ်ကျေးရွာများတွင် Covid-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့၍ လည်းကောင်း၊

 

၅။     (၂၇-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပုလဲမြို့နယ်၊ ပုလဲတောင်ရပ်ကွက်၊ ပုလဲမြောက်ရပ်ကွက်၊ မုံကြိုင်း ကျေးရွာ၊ အလယ်ဘုံကျေးရွာ၊ လက်တောင်းကြီးကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ၊ မီးဘေး၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်ကမ်းစာစောင် များဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့၍လည်းကောင်း၊

 

၆။     (၂၇-၁-၂၀၂၁) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ပုလောမြို့နယ်၊ လိပ်သောင်ကျေးရွာအုပ်စု၊ လိပ်သောင်ကျေးရွာ၊ လယ်ထဲ ကျေးရွာ၊ လယ်ဖက်ကျေးရွာ၊ ဘိုတောင်ဆိပ်ကျေးရွာနှင့် အုန်းတောကျေးရွာတို့တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့၍လည်းကောင်း၊

 

၇။     (၂၆-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက (Hygiene Kit-E) (၁, ၀၀၀) ဖာနှင့် သဘာဝဘေးအသိပညာပေး ဘေး (၉) မျိုးပါ ဗီနိုင်းပိုစတာတို့အား သန်လျင်မြို့နယ်ရှိ သီလရှင်များ သီတင်းသုံးနေထိုင်သည့် ကေသဝတီကျောင်းတိုက်၊ သဒ္ဓမ္မမဉ္ဇူသီလရှင်ကျောင်း၊ ခေမာရာမစာသင်တိုက်၊ သက္ကနိမ္မိ တာရုံ ကျောင်း၊ ဝနဝါသီအေးရိပ်စံကျောင်း၊ ဝီရတီတောရကျောင်း၊ သမိဒ္ဓေါဒယတေဇာသစ်ကျောင်း၊ ပါရမီ သီလရှင်စာသင်တိုက် များသို့ ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊

 

၈။     (၂၇.၁.၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ဒေါခူသွဲ့ကျေးရွာ၊ ဒေါလျားခူကျေးရွာ၊ ဖဲလျားကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာ၊ ပါဒေါဒူ ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဆောင်ရွက်ခဲ့၍လည်းကောင်း၊

 

၉။     (၂၇-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ တံတားထိပ်တို့တွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်သည့် အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များ၊ mask များဝေငှခြင်း၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာဖြန့်ဝေခြင်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့်အတူ ဆောင်ရွက်ခဲ့၍လည်းကောင်း၊

 

၀။  (၂၇.၁.၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက နောင်တရားမြို့နယ်ခွဲ၊ ရေဦးကျေးရွာနှင့်‌‌ သစ်ပင်ကြီးကျေးရွာနှင့် ပင်လောင်းမြို့နယ်၊ ရင်းမှီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ အား ဆောင်ရွက်ခဲ့၍လည်းကောင်း၊

 

၁၁။  (၂၈-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ချောက်မြို့နယ်၊ အမှတ် (၁၊၂၊၃၊၄၊၅) ရပ်ကွက်တို့တွင် COVID 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့၍ လည်းကောင်း၊

 

၁၂။   (၂၈-၁-၂၀၂၁) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စုအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစာင်များဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့၍ လည်းကောင်း၊

 

၁၃။  (၂၈-၁-၂၀၂၁) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ အနာဂတ် အလင်းတန်းကျေးရွာ၊ ရေပူကျေးရွာ၊ မော်ချီးအောက်ရွာ၊ ဇီးပင်ကွေ့ (ဇီး-၁၆) ကျေးရွာ၊ လိုခါးလိုကျေးရွာ၊ ဘူလော်ဘာကျေးရွာ၊ လွယ်ပွာခိုကျေးရွာ၊ မော်ချီး တောင်ပေါ်ကျေးရွာ၊ လိုခါးလို (ကွက်သစ်) ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့၍လည်းကောင်း၊


Source: EOC

 

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR