လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု
ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊
သစ်ဖြူပင်ကျေးရွာ၌ (၉-၅-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး
နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)၊ လူဦးရေ (၁၄) ဦးတို့အတွက်
ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၉,၄၀၀/-)၊ အထောက်အကူပြု (Mask) (၂၈) ခု၊ စုစုပေါင်း ထောက်ပံ့ငွေ
(၁၇၉,၄၀ဝ/-)ကျပ်တို့အား (၁၇-၅-၂၀၂၂)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌
ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM