ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကလိချောင်းရေမြင့်တက်ဝင်ရောက်မှုကြောင့် ဘုရားကြီးမြို့ အမှတ်(၁)ရပ်ကွက် ကံထူးဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြောင်းရွှေ့ထားရှိသော ရေဘေးရှောင်အိမ်ထောင်စု (၄၀) စု လူဦးရေ (၁၅၈) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၃၃၁၈၀၀/-)ကျပ်နှ့င် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း Mask (၃၁၆) ခုတို့အား (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR