မိုးကြိုးဘေးထောက်ပံ့မှုသတင်း
၁၁ မေ ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ကျောက်ဖျာကျေးရွာ အုပ်စု၊ စာဖြူစုကျေးရွာ၌ (၇-၅-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-)ကျပ်အား (၁၀-၅-၂၀၂၂) ရက်နေ့တွင်
တာဝန်ရှိသူများ၏ရှေ့မှောက်၌ သေဆုံးသူမိသားစုဝင်များလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM