ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လားရှိုးမြို့နယ်အား Stay at Home ကြေငြာချိန်မှစ၍ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုသော လမ်းများ၊ ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာသားများအား ဖတ်ကြား ခြင်းများကို (၄-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက် (၁၀)၌ ဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ပေးခြင်း၊ Mask များပေး ဝေခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR