ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ထော်သိုကျေးရွာအုပ်စု၊ ထော်သိုကျေးရွာ၌ (၁-၁၂-၂၀၂၂) ရက်နေ့ (၃း၃၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီး၊ နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ လေဘေးသင့်ပြည်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၆၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၆,၁၀၀)ကျပ်၊ ကယ်ဆယ်ပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာနှင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၄၆,၁၀၀)ကျပ်အား (၂-၁၂-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR