ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၁)ရက်နေ့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၄)၊ နောင်ဖာရပ်၊ ကန်နားပူလွယ်၊ နမ့်ခင်နွဲ့(၂)နှင့် ယန်းလောကျေးရွာအုပ်စု၊ ဖိုင်ဝိန်းကျေးရွာတွင် အုတ်ကာ၊ သွပ်မိုး နေအိမ် (၆)လုံးမှာ ရေတိုက်စားမှုကြောင့် လုံးဝပြိုကျပျက်စီးခဲ့ရာ အဆိုပါနေအိမ် (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုး-(၁,၂၀၀,၀၀ဝိ/-)၊ လူဦးရေ (၃၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုး- (၇၁,၄၀ဝိ/-)နှင့် အိမ်ထောင်စု(၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးတို့အား (၂၂-၇-၂၀၂၁)ရက်နေ့၊ (၁၂:၃၀) အချိန် တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR