ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့် ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ (၂၀.၉.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွေ့နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂,၀၀ဝိ/-)၊ သစ်ကြိမ်း‌‌ကျေးရွာအုပ်စု၊ ဟေမာန်ကျေးရွာ၌ (၁.၁၀.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွေ့နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀ဝိ/-)၊သစ်ပုတ်ပင်‌ ကျေးရွာအုပ်စု၊ အမှတ်(၄)ရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦး‌ရေ (၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝိ/-)နှင့် ပေတုန်းမျှောင်ကျေးရွာတွင် ဖြစ်ပွားခဲ့‌သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ စုစု‌ပေါင်းထောက်ပံ့ငွေ (၁,၀၇၁,၄၀ဝိ/-)တို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ (၄-၁၀-၂၀၂၄) ရက်နေ့၊ (၁၁:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့် ညိုပင် ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ ဖြစ်ပွားသော ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်(နည်းပြ) သင်တန်းတွင် သဘာဝဘေးအသိပညာပေး ဆွေနွေးဟောပြောမှုသတင်း

MOS

DSW

DDM

DOR