ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

(၁၉-၁-၂၀၂၁) ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ တောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင် ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ လည်းကောင်း၊

 (၁၉-၁-၂၀၂၁) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အမှတ် (၂)ရပ်ကွက်၊ နန်းကောတိုးကျေးရွာနှင့် ကော့နွဲကျေးရွာ တို့၌ Covid-19 ကူးစက်မြန်အဆုတ် ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ နှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကို လည်းကောင်း၊

(၂၀-၁-၂၀၂၁) ရက်နေ့ တွင် ချောက်မြို့၊ အမှတ် (၁၊ ၂ ၊ ၃၊ ၄၊ ၅) ရပ်ကွက်တို့တွင် COVID- 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်း၊ Hand Gel များဖြန့်ဝေခြင်းတို့ကို လည်းကောင်း၊

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာနှင့်‌ ကော့ခလွယ်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေ ရေး အသိပညာပေးခြင်း၊ အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းတို့အားလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ပါသည်။


Source:EOC

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌ ကျေးရွာများ၌ လေပြင်းဘေးကြိုတင် ပြင်ဆင်နိုင်ရေးအတွက် အိမ်ထောင်စုအလိုက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း

MOS

DSW

DDM

DOR