လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊
ဆုံကွယ်ကျေးရွာအုပ်စု၊ ဆုံကွယ် ကျေးရွာနှင့် တာပုံကျေးရွာအုပ်စု၊
တာပုံကျေးရွာနှင့် မန်ကောင်းကျေးရွာတို့၌ (၁၅-၄-၂၀၂၂) ရက်နေ့တွင်
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်
နေအိမ် (၁၂) လုံး လူဦးရေ (၅၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ
(၁,၀၂၅,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၁၀၇,၁၀၀/-) ကျပ်တို့အား
(၂၅-၄-၂၀၂၂) ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: DDM