ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၁၇-၁၀-၂၀၂၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အိမ်ခြေ (၁၂၃)လုံး၊ အိမ်ထောင်စု (၁၂၃)စုမှ လူဦးရေ (၅၂၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄,၆၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၁,၀၉၈,၃၀၀ိ/-)နှင့် ဒဏ်ရာရလူနာ (၂)ဦးအတွက် (၁၀၀,၀၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၅,၇၉၈,၃၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁၃)စုစာနှင့် အလှူပစ္စည်းရေပုံးအသေး (၁၃)ပုံးတို့အား (၁၉-၁၀-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR