ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

(၁၄-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်ရှိ ပြောင်းခင်းများ ပိုးကျပျက်စီးမှုကြောင့် အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများ အား ဆန်ရိက္ခာထောက်ပံရန် မြို့နယ်အစည်းအဝေးခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူးမှ ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ကျေးရွားအုပ်စု(၁၇)စုမှ အိမ်ထောင်စု(၉၅၉)စု၊ လူဦးရေ (၆,၇၈၉) ဦးတိုအတွက် ဆန်ရိက္ခာ(၂)လစာ (၄,၂၄၃) အိတ်(၃)ပြည်အား သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံသို့ လည်းကောင်း၊ (၁၆-၁-၂၀၂၀) ရက်နေ့နံနက်(၀၉:၃၀) အချိန်တွင် ဗန်းမော်မြို့နယ်အတွင်းရှိ နှစ်-၂၀၀၀ IDPs စခန်းမှ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ(၈၃)ဦး၊ ရောဘက် IDPs စခန်းမှ အိမ် ထောင်စု(၆)စု၊ လူဦးရေ (၁၉)ဦး၊ မံစီမြို့နယ်အတွင်းရှိ မိုင်းခေါင်နှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု (၅)စု၊ လူဦး ရေ(၂၄)ဦး၊ မိုင်းခေါင်ကတ်သလစ် IDPs စခန်းမှ အိမ်ထောင်စု (၁၆)စု၊ လူဦးရေ(၈၀)ဦးနှင့် ဆွေမျိုးနေအိမ်များမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၄၄)စု၊ လူဦးရေ (၂၁၁) ဦးတို့သည် မူလနေရပ် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအုပ်စု၊ နမ့်ဖူကျေးရွာသို့ ပြောင်းရွှေ့ရာ နေရပ်ပြန် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၄၄)ပုံး၊ ပြောင်းရွှေ့စရိတ် (၄,၄၀၀,၀၀ဝ) ကျပ်၊ စာနပ်ရိက္ခာ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာ တန်ဖိုးငွေ (၂,၅၇၄,၃၂၅) ကျပ်၊ စုစု‌ပေါင်းထောက်ပံငွေ (၆,၉၇၄,၃၂၅) ကျပ်တို့အား ပြောင်းရွှေ့ပြည်သူများထံသို့ လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ 

၊ 

Source:EOC

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR