ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်‌အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၁၂.၂၀၂၁)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်၌ ရန်ကုန်‌‌အ‌ရှေ့ပိုင်းခရိုင်၊‌မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ-၂လမ်းတွင် မီးလောင်ကျွမ်းမှု‌ ဖြစ်ပွားခဲ့သောကြောင့် အိမ်‌ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၉၀,၀၀ဝိ/-)၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၃၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၅၁၃၁၀ဝိ/-)ကျပ်အား (၂၄.၁၂.၂၀၂၁)ရက်နေ့(၁၁:၀၀)နာရီအချိန်တွင်‌‌‌မြောက်ဥက္ကလာပမြို့နယ် အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR