ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

သောက်သုံးရေခက်ခဲသော နတ်မောက်မြို့နယ်၊ တမလန်းပင်ကျေးရွာအုပ်စု၊ အင်တော (ရွာသစ်)ကျေးရွာရှိ အိမ်ခြေ(၁၆၀)လုံး၊ အိမ်ထောင်စု(၁၇၂) စု၊ လူဦးရေ (၈၁၇)ဦးတို့ သောက်သုံးရေခက်ခဲသော နတ်မောက်မြို့နယ်၊ တမလန်းပင်ကျေးရွာအုပ်စု၊ အင်တော (ရွာသစ်)ကျေးရွာရှိ အိမ်ခြေ(၁၆၀)လုံး၊ အိမ်ထောင်စု(၁၇၂) စု၊ လူဦးရေ (၈၁၇)ဦးတို့ အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား (၁၇-၁-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန် တွင် လည်းကောင်း၊ (၆-၁-၂၀၂၁) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ)ကျေးရွာ၌ TNLA နှင့် RCSS/SSA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ဖြစ်ပွားမှု ကြောင့် လက်နက်ကြီးကျမှန်၍ တစ်စိတ်တစ်ပိုင်းနှင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ် (၆၀)လုံးအတွက် ထောက်ပံ့ငွေ (၅,၇၂၀,၀၀ဝ) ကျပ်နှင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ်(၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးပါ (၅) ပုံး၊ လူဦးရေ(၂၉၇)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၂၃,၇၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၃၄၃,၇၀ဝ) ကျပ်အား ဆရာတော်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၇-၁-၂၀၂၁) ရက်နေ့ (၁၁:၄၅) နာရီအချိန်တွင် တော့ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူများ ထံသို့ လည်းကောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၊ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း‌ရေးမှူးတို့နှင့်အတူ (၁၆-၁-၂၀၂၁) ရက်နေ့ (၁၂:၀၀) အချိန်မှ (၁၃:၀၀) အချိန်ထိ ပူးပေါင်းပြုလုပ်သည့် တိုက်ပွဲရှောင်‌ရှောင်ပြည် သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ သီကီးရ်ကျေးရွာရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၁) စုတို့အတွက် ဆီ (၆)လစာ (၃၇၂)ပိဿာ၊ ဆား(၆)လစာ (၁၈၆) ပိဿာ၊ ပဲ (၆)လစာ (၃၇၂ )ပိဿာ၊ တိုက်ပွဲရှောင်လူဦးရေ (၁၆၀)ဦးတို့အတွက် ဆန်ရိက္ခာ(၆)လစာ အိတ်ပေါင်း(၃၀၀) တို့ကို တိုက်ပွဲရှောင်ပြည်သူများထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ပါသည်။



Source:EOC

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌ ကျေးရွာများ၌ လေပြင်းဘေးကြိုတင် ပြင်ဆင်နိုင်ရေးအတွက် အိမ်ထောင်စုအလိုက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း

MOS

DSW

DDM

DOR