သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
၁၅ ဩဂုတ် ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ကျွန်းစုမြို့တွင်
ဦးစီးဌာန(၃)ခု ပူးပေါင်း၍( Quick _Win Projet)ဖြင့် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ကတ္တလူ)တွင် (၅.၈.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်၌ ကျောင်းသား၊
ကျောင်းသူ(၁၈၃)ဦးအား ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ လိုက်နာရမည့်ကျင့်၀တ်၊ စည်းကမ်းများသိရှိလိုက်နာတတ်စေရန်နှင့်
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး
ဗွီနိုင်း၊ ဘောလ်ပင်များ၊ ဗလာစာအုပ်များ၊ မုန့်များနှင့်လက်ကမ်းစာစောင်များ
ဝေငှပေးခဲ့ပါသည်။
Source: DDM