ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


၂၈ ဇန်နဝါရီ ၂၀၂၁


၁။     (၂၇-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Quarantine ဝင်ရောက်နေသူများ အသုံးပြုနိုင်ရန် ရေဦးမြို့‌၊ အောင်ဆန်းရပ်ကွက်၊ အထက (၁) Quarantine Center သို့ Hygiene Kit-E (၁၀) ဖာကို ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊


၂။     (၂၇-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Covid-19 ရောဂါကာကွယ်ရေးအတွက် Hygiene Kit-E (၁၅) ဖာတို့အား Covid-19 မြို့နယ်အဆင့်ကော်မတီအတွက် ယင်းမာပင်မြို့တွင် (၅) ဖာ၊ ဆားလင်ကြီး မြို့တွင် (၅) ဖာ၊ ပုလဲမြို့တွင် (၅) ဖာတို့အား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊


၃။     စီမော်ကျေးရွာ၌ (၂၆-၁-၂၀၂၁) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုး (၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၂၈-၁-၂၀၂၁)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့၍ လည်းကောင်း၊


၄။     (၂၇-၁-၂၀၂၁) ရက်နေ့ (၁၅:၅၀) အချိန်၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာ အုပ်စု၊ ကူးဆိပ်ကျေးရွာ၊ ထွန်းလှကုန်းရပ်ကွက်၌ မီးဖိုဆောင်မှတစ်ဆင့် နေအိမ်ထရံအား မီးကူးစက် ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးတို့အတွက် (၇၉,၀၀ဝ) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၂၂) မျိုးပါ Family Kit (၁)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၂,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂,၁၀၀) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၂၈-၁-၂၀၂၁) ရက်နေ့ (၁၃:၀၀) အချိန်တွင် ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊


Source: EOC


 

 

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR