ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့်ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၂၄) ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော် ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မစျေးအနီးအပြင်တန်း၊ အမှတ်(၂၅)၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုးပါ (၁) ပုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးနှင့် ဆိုင်ခန်း (၆)ခန်းမှ လူဦးရေ (၁၂) ဦး၊ စုစုပေါင်းလူဦးရေ (၁၄) ဦးတို့အတွက်   ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၉,၄၀၀ိ/-)၊ မီးလောင်ဒဏ်ရာများဖြင့်သေဆုံး လူဦးရေ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၂၉,၄၀၀ိ/-) အား (၂၂-၁၀-၂၀၂၄) ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း

MOS

DSW

DDM

DOR