သောက်သုံးရေခက်ခဲသော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဉီးဝင်းကြည် (တဲတိုက်) ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု (၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) တို့ကို (၁၈-၁-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် လည်းကောင်း၊
ဧရာဝတီတိုင်းဒသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၁၆)ရပ်ကွက်၌ (၁၇-၁-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)မှ လူဦးရေ(၁၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀၀၀/-)ကျပ်နှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၂၅၂၀၀)အား (၁၈-၁-၂၀၂၁)ရက်နေ့ ၊(၁၃:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများထံသို့လည်းကောင်း၊
(၁၈-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်များရှိ ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန်အတွက် ဂရိတ်ဝေါဒဏ်ကြေလိမ်းဆေးဘူး (၃၆၀) ဘူး၊ ရှမ်းရိုးမဒဏ်ကြေလိမ်းဆေးဘူး (၂၆၇) ဘူး၊ စုစု ပေါင်း (၆၂၇) ဘူးတို့အား ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနသို့ လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ပါသည်။
Source:EOC