ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

(၁၉-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ (မိုလာ ၊ ပြည့်ပင် ၊ ဘုန်းဘွဲ့ ၊ ကြီးနီ ၊ သွေးနက်) ကျေးရွာ တို့တွင် COVID 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လည်းကောင်း၊

(၁၉-၁-၂၀၂၁) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ကတိုက်ကြီးကျေးရွာနှင့် ကတိုက်ကလေးကျေးရွာတို့တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုး ဆော်ကြေညာခဲ့ခြင်းနှင့်  လက်ကမ်းစာစောင်များ ဝေငှခြင်းတို့အား လည်းကောင်း၊

(၁၉.၁.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ နေ့လယ် (၁၂:၃၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျခတ်ချောင်းကျေးရွာ၊ တုလေ့ကုန်းကျေးရွာနှင့် ရှမ်းကုန်းကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောနိုင်ငံတိုင်းတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းကို လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပါသည်။


Source:EOC

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR