ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် (၁၁-၁၀-၂၀၂၃)ရက်နေ့မှ (၁၂-၁၀-၂၀၂၃)ရက်နေ့အတွင်း ငမိုးရိပ်ချောင်းရေမြင့်တက်မှုနှင့် မိုးဆက်လက် ရွာသွန်း မှုကြောင့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ကယ်ဆယ်ရေးစခန်းများသို့ ထပ်တိုးရောက်ရှိလာသည့် အိမ်ခြေ (၈၇၈)လုံး၊ အိမ်ထောင်စု (၈၇၈)စုမှ လူဦးရေ (၃၆၂၂)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေစုစုပေါင်း (၇,၆၀၆,၂၀ဝိ/-) အား (၁၄-၁၀-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်နာရီတွင် လှည်းကူးမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကွပ်ကဲရေးရုံးသို့ သွားရောက်ထောက်ပံ့ ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR