ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၂၅-၁-၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ထီးဖိုးကလိုးကျေးရွာ၊ ထီးသဲကလိုးကျေးရွာ၊ ဒေါခူလီကျေးရွာ၊ ဒေါတဒါးကျေးရွာနှင့် ဒေါဘျာကူးကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ ခြင်း၊

 

(၂၅-၁-၂၀၂၁) ရက်နေ့တွင် ထားဝယ်မြို့နယ် ပခပ်ကျေးရွာနှင့် ရာမ္မဇူကျေးရွာတို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း၊

 

(၂၅-၁-၂၀၂၁) ရက်နေ့၌ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲ-ဂန့်ဂေါ ကားလမ်းဘေး၊ ပုလဲ-ကျား တက်လမ်းဆုံတွင် လေပြင်းဘေးအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့ခြင်း၊

 

(၂၆-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့နယ်(ကံတောက်ကျောင်း၊ တုံရွာ၊ ထိန်းစမ်း၊ ဂွေးပင်ကြီး)ကျေးရွာတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊

 

(၂၆-၁-၂၀၂၁) ရက်နေ့တွင် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ဘန်းလမွတ်၊ ကမ်းတို၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ ပနပ်ငယ်၊ အလယ်ပိုင်းကျေးရွာများ၌ Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ mask များဝေငှခြင်း၊ ရာသီအလိုက်ဖြစ်ပွား​လေ့ရှိသော သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာဖြန့်ဝေခြင်းတို့ကို မြို့နယ် ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့်အတူဆောင်ရွက်ခဲ့ခြင်း၊

 

(၂၆-၁-၂၀၂၁) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၃:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာနှင့် ပျဉ်းမစခန်းကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရန်နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရန်အတွက် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

MOD

DSW

DDM

DOR