ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာအုပ်စု၊ ဒေါဖျာကျေးရွာတွင် (၂၃-၂-၂၀၂၅) ရက်နေ့၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး နေအိမ်(၁၆)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၆၀) ဦးတို့ ဘေးသင့်ခဲ့ပါသည်။ လေပြင်းဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၀,၀၀၀/-) အား ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှတစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ (၂၈-၂-၂၀၂၅)ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR