ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၁) ရက်နေ့၌ဆီဆိုင် မြို့နယ်၊ မြကန်သာရပ်ကွက်နှင့် (၅-၆-၂၀၂၁)ရက်နေ့၌ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ညောင်ကိုင်း ကျေးရွာတွင်မိုးကြိုးထိမှန်၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀၀/-)နှင့် ဒဏ်ရာရသူ(၂)ဦး အတွက်ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-) စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၇၀၀၀၀၀/-)ကျပ်အား (၉-၆-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၄းဝ၀) အချိန်တွင် ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR