· အာရှဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးရန်၊ ဘေးကင်း လုံခြုံသည့် လူ့မှုအသိုက်အဝန်းကို တည်ဆောက်ပေးရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်အား ဖန်တီးနိုင်ရန်ရည်ရွယ်၍ အာရှဒေ သသဘာဝဘေးလျော့ပါးရေးဌာန(Asian Disaster Reduction Center-ADRC) ကို ဂျပန်နိုင်ငံ၊ ယိုဂိုစီရင်စု၊ ကိုဘေးမြို့တွင် ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၌ စတင် တည်ထောင်ခဲ့ပါ သည်။
· ADRC တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၃၁)နိုင်ငံပါဝင်ပြီး၊ ဩစတြေးလျနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ နယူးဇီ လန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြံပေးနိုင်ငံအဖြစ် ပါဝင်ပါသည်။ အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန (Asian Disaster Preparedness Centre-ADPC) သည် လေ့လာသူအဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ADRC အတွက် နှစ်စဉ် အဖွဲ့ဝင်ကြေးပေးသွင်းလျက်ရှိသည့် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါသည်။
· ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် မြန်မာနိုင်ငံ၏ တာဝန်ခံအဖွဲ့အစည်းအဖြစ် ADRC နှင့်ဆက်သွယ်၍ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အာရှဒေသ သဘာဝဘေးလျော့ပါးရေးဌာန (ADRC) သည် Japan Aerospace Exploration Agency-JAXA နှင့် ချိတ်ဆက်၍ အဖျက်စွမ်း အားကြီးမားသည့် သဘာဝဘေးကျရောက်ချိန်များတွင် ဂြိုလ်တုဓါတ်ပုံများ ရိုက်ကူးနိုင်ရန်နှင့် GIS မြေပုံများ ထုတ်ယူနိုင်ရန် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးပုံများအား နှိုင်းယှဉ်ထားသည့် မြေပုံများပြုစုကာ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း များတွင် ကူညီပံ့ပိုးပေးခြင်း၊ ADRC မှ ဖွင့်လှစ်သည့် ကာလတို Visiting Researcher အစီ အစဉ်များ ဆောင်ရွက်ပေးခြင်း၊ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော အာရှဒေသ သဘာဝဘေး လျော့ပါးရေးညီလာခံသို့ ကိုယ်စားလှယ်များ ဖိတ်ကြားခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။