detail

COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများအား မြို့နယ်(၇)မြို့နယ်တွင် ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေပြည်တော်

COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းလုပ်ငန်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည်

 

ယနေ့ (၂၂-၁၁-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ တပ်ကုန်း(လက်ပံပင်)ရပ်ကွက်နှင့် ဈေးတန်း(ကွတ်သစ်)ရပ်ကွက် တို့တွင်လည်းကောင်း၊

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ကဒန်းကြီးကျေးရွာနှင့် ချစ်တီးကုန်းကျေးရွာတို့တွင်လည်းကောင်း၊

 

သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်အမှတ် (၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇)နှင့်ကပ်ကျေးအင်းအုပ်စု (ကပ်ကျေးအင်း၊ကန်စွယ်)ရွာကြီးအုပ်စု(ရွာကြီး)ကျေးရွာများသို့လည်းကောင်း

 

မိတ္ထီလာမြို့နယ်အတွင်းရှိ တပျော်အုပ်စု၊ သရက်ပင်အုပ်စု၊ ရေဝေအုပ်စုရှိ ကျေးရွာများ ၊ မြို့သစ်ကွက်သစ်ရှိ ရပ်ကွက်များနှင့် ပေါက်ချောင်းရပ်ကွက်တို့တွင်လည်းကောင်း၊

 

(၂၁-၁၁-၂၀၂၀) ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာ၊ ဒေါ်ပေါ်ကလဲ(ရွာကြီး)ကျေးရွာ၊ ဒေါပေါ်ကလဲ(ရွာငယ်)ကျေးရွာ၊ ဘုရားနီကျေးရွာ တို့တွင်လည်းကောင်း၊

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့ပေါ်ရပ်ကွက်များနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက်များ တို့တွင်လည်းကောင်း၊

 

ရှမ်းပြည်နယ်၊ နမ့်စန်မြို့၊ မြို့မစျေးနှင့် ပြည်ထောင်စုလမ်းမလမ်းဆုံလမ်းခွဖြစ်သည့် မီးပွိုင့်၊ ရပ်ကွက်(၁) နှင့်ရပ်ကွက်(၃)၊ ဝမ်ပုံကျေးရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာ၊ အမှတ်(၁)ကျေးရွာ တို့တွင်  Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည်နှိုးဆော်၍လည်းကောင်း၊

 

အသိပညာပေးခြင်းလုပ်ငန်းများကို အထက်ဖော်ပြပါမြို့နယ်များတွင်ဆောင်ရွက်ခဲ့ကြပါသည်။

 

Source: EOC



      Hit Counter :: 31641