detail

အမာမြို့နယ်တွင် မီးလောင်မှုကြောင့် လောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များအား ကူညီထောက်ပံ့ခြင်းများဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေပြည်တော်

ဖျာပုံခရိုင်၊ အမာမြို့နယ်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာရှိ နယ်မြေ(၅)ရွေထီးလမ်းတွင်  (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၀၁:၄၀)နာရီအချိန်ခန့်က လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အိမ်ခြေ(၆)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ခြေ(၂)လုံးမှာ မီးတားရန် ကြိုတင်ဖျက်သိမ်းခဲ့ရ၍ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၃၀)ဦးတို့ မီးဘေးဒဏ်ခံစားခဲ့ရပါသည်။

           အဆိုပါမီးဘေးဒဏ်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၆၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၆၃,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၆)အိမ်ထောင်စုစာတို့နှင့် မီးတားကြိုတင်ဖျက်သိမ်း နေအိမ်(၂)လုံးအတွက် ထောက်ပံငွေကျပ်(၁၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံငွေကျပ်(၇၆၃,၀၀ဝိ/-)အား လူ-ကယ်- ပြန် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အမျိုးသားလွတ်တော်ကိုယ်စားလှယ်နှင့်အတူ ၎င်းပြည်သူများထံသို့ (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: EOC



      Hit Counter :: 31641