detail

ဖားကန့်တွင် ကမ်းပါးယံကျောက်ကြောမြေပြိုကျမှုကြောင့် မြေစာပိသေဆုံးခဲ့သူအတွက် စာနာထောက်ပံ့မှုပေးအပ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေပြည်တော်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံ၊ အထက်မက်လင်ချောင်ကျေးရွာဧရိယာရှိ YTT သက်တမ်းကုန်လုပ်ကွက်ကျင်းဟောင်းအောက်ခြေ၌ (၁၈-၁၁-၂၀၂၀) ရက်နေ့က အမြင့်ပေ(၃၀)ခန့် ကမ်းပါးယံကျောက်ကြောမြေပြိုကျမှုကြောင့် မြေစာပိသေဆုံးခဲ့သူ (၁)ဦးအတွက် စာနာထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သေဆုံးသူ၏ မိသားစုဝင်ထံသို့ ယနေ့(၂၁-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၄၀)နာရီအချိန်တွင် လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: EOC



      Hit Counter :: 31641