detail

မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လာ၍ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အင်္ဂပူမြို့နယ်ရှိ နေအိမ်များအား ကူညီထောက်ပံ့

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေပြည်တော်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးအအရှေ့ဘက်ကမ်းကျေးရွာ၌ (၁၇-၁၁-၂၀၂၀) ရက်နေ့တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လာ၍ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ(၁)လုံး၊ ၄င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀၀)ကျပ်တို့ကို လူ-ကယ်-ပြန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တာ၀န်ရှိသူများနှင့်အတူ ၎င်းပြည်သူများထံသို့ (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: EOC



      Hit Counter :: 31641