detail

COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများအား မြို့နယ်(၇)မြို့နယ်တွင် ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေပြည်တော်

COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းလုပ်ငန်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည်

 

ယနေ့ (၂၁-၁၁-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ တောင်လှေကားကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့တွင်လည်းကောင်း၊

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကျေးရွာ၊ သိပ္ပံကုန်းကျေးရွာ၊ ချမ်းသားအေးကုန်းကျေးရွာ၊ တာလူဖတောကျေးရွာနှင့် ဘိုသင်ကုန်းကျေးရွာတို့တွင် AVSI FOUNDATION Myanmar နှင့်ပူးပေါင်းဆောင်ရွက်၍ လည်းကောင်း၊

 

သာစည်မြို့နယ်အတွင်းရှိ ကုန်းတောင်းအုပ်စု(ကုန်းတောင်းတောင်/မြောက်/အနောက်)၊ ညောင်အိုင်အုပ်စု(ကမ္ဘားမြင့်၊ ညောင်အိုင်)၊ ဘုရားကုန်းအုပ်စု(ဘုရားကုန်း၊ ရွှေလှံတောင် /မြောက်) ကျေးရွာများသို့လည်းကောင်း၊ မိတ္ထီလာမြို့နယ်အတွင်းရှိ မြင်းကန်အုပ်စု(မြင်းကန်၊ ဆည်ကုန်း၊ မြိုင်ဃ၊ ဆင်စလွယ်၊ ဝက်ကုန်း၊ ထနောင်းကုန်း၊ အိုင့်၊ သနပ်အိုင့်)၊ သီးကုန်းအုပ်စု(သီးကုန်း၊ မကျီးချို၊ တုံ့အိုင်၊ ကျွဲဒတ်ပင်)နှင့် မုန်တိုင်အုပ်စု(ခံပင်အိုင့်၊ လဲတော၊ သရက်ခြံ၊ ဖလန်ကျင်း၊ ညောင်ပင်သာ၊ မုန်တိုင်)ကျေးရွာတို့တွင်လည်းကောင်း၊

 

(၂၀-၁၁-၂၀၂၀) ရက်နေ့ကလည်း ရှမ်းပြည်နယ်၊  လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ဟိုပိတ်ကျေးရွာ၊ မန်ကတ်ကျေးရွာတို့တွင်လည်းကောင်း၊

 

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ခွန်ဆိုင်း(အထက်)ကျေးရွာ၊ ခွန်ဆိုင်း(အောက်)ကျေးရွာ၊ လွိုင်မွေကျေးရွာ၊ နောင်လုံကျေးရွာ၊ ပန်ဝိုးကျေးရွာနှင့် ပုံမောက်ကျေးရွာတို့တွင်လည်းကောင်း၊

 

ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာ၊ ပြေသာကျေးရွာ၊ နှင်းဖြူချောင်ကျေးရွာ၊ ဆင်ခေါင်းကျေးရွာ၊ မြေနီကုန်းကျေးရွာ နှင့် မြိုင်ကျေးရွာတို့တွင်လည်းကောင်း၊

 

မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာနှင့် ပါပူးကျေးရွာတို့တွင်လည်းကောင်း၊ အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

Source: EOC



      Hit Counter :: 31641