detail

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် နှင့် သဘာဝဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး

၂၀၂၀ပြည်နှစ်၊ စက်တင်ဘာလ(၁၅)ရက်တိုင်းဒေသကြီး/ပြည်နယ်

စက်တင်ဘာလ(၁၅)ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဉီးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀)ရက်နေ့တို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့်   ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များ၊ အသိပညာပေးခြင်းများနှင့်  မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများကို အသံချဲ့စက်များ၊ Handspeaker များဖြင့်ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းများ၊ တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရာသီအလိုက် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခြင်း၊ လှည်လည်ဟောပြောခြင်း၊ ဗွီနိုင်းပိုစတာနှင့် ဘေး (၈) မျိုးလက်ကမ်းစာစောင် ဝေငှပေးခြင်းနှင့် Hand Gel များဖြင့် လက်သန့်စင်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31617