detail

ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု နှင့် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ကုန်းကျေးရွာ၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာတို့ရှိ Shelter(၃)လုံး၌ ၂"ရေတွင်းတူးဖော်ဆောင်ရွက်ပေးမှုသတင်း

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်တိုင်းဒေသကြီး/ပြည်နယ်

ဩဂုတ်လ ၉ ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၀) ရက်နေ့တွင် မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများ၊ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုကျပျက်စီးခဲ့‌သော အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး(၇)ရက်စာငွေများ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား တာဝန်ရှိသူများ၊ အခြားသောအဖွဲ့အစည်းများနှင့်အတူ  ဌာနမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်
ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ရေဘေး၊ မုန်တိုင်းဘေးနှင့်ဆူနာမီဘေး အသိပညာပေးဗီနိုင်းကပ်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း နှင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ကုန်းကျေးရွာ၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာတို့ရှိ School Cum Shelter (၃)လုံးသည် မိုးရာသီကာလအတွင်း၌ သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါ Shelter(၃)လုံး၌ ၂"ရေတွင်း(၁)တွင်းစီ တူးဖော်ပေးနိုင်ပါရန် သက်ဆိုင်ရာကျေးရွာအသီးသီး၏ အုပ်ချုပ်ရေးမှူးများမှ ကုန်ကျစရိတ်တွက်ချက်မှုနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခဲ့မှုအပေါ် ခွင့်ပြုခဲ့ပါသဖြင့် (၈-၈-၂၀၂၀)ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာအသီးသီးသို့ သွားရောက်ပြီး ရေတွင်း(၁)တွင်းလျှင် ထောက်ပံ့ငွေ(၆၉၃,၉၀၀/-)ကျပ်နှုန်းဖြင့် ရေတွင်း(၃)တွင်းအတွက် စုစုပေါင်း‌ထောက်ပံ့ငွေ(၂,၀၈၁,၇၀၀/-)ကျပ်အား ပေးအပ်ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာများရှိ School Cum Shelter များ၏ အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31617