detail

ကမ်းပြိုဘေး၊ လေဘေး၊ ရေဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်တိုင်းဒေသကြီး/ပြည်နယ်

ဩဂုတ်လ ၈ ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည်(၇-၈-၂၀၂၀)ရက်နေ့တွင် မြို့နယ်၊ ကျေးရွာအုပ်စုများ၌ ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့်ကမ်းပြိုဘေး၊ လေပြင်းတိုက်ခတ်မှုကြောင့်လေဘေး၊ ရေဘေးဖြစ်ပွားခဲ့သောကြောင့်ရေဘေး သင့်အိမ်ထောင်စုများအလိုက် ဆန်ရိက္ခာဖိုး(၇)ရက်စာငွေများ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ ဆပ်ပြာတောင့်များနှင့် Surgical Mask တို့အား တာဝန် ရှိသူများ၊ အခြားသောအဖွဲ့အစည်းများနှင့်အတူ  ဌာနမှ တာဝန်ရှိသူများသည် ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31617