detail

နိုင်ငံတစ်ဝှမ်းတွင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်တိုင်းဒေသကြီး/ပြည်နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ်၊ စစ်တောင်းကျေးရွာနှင့် ခဝါချောင်းကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကိုလည်းကောင်း လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ လပွတ္တာမြို့၊ ရပ်ကွက်(၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁ဝ) တို့တွင် (ဒုတိယအကြိမ်)Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများကိုလည်းကောင်း၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကျောင်းရွာအုပ်စုရှိ ပန်းတောကျေးရွာ၊ ခနောင်ထော်ကျေးရွာ နှင့် ကျောင်းရွာကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူအလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည် ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေဌခြင်းများကိုလည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့တွင် ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စျေးကုန်းအရှေ့ရပ်ကွက်၊ စျေးကုန်းအနောက်ရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ မြို့သစ်(က/ခ/ဂ)ရပ်ကွက်၊ ကြို့ကုန်း(အနောက်)ရပ်ကွက်၊ ကြို့ကုန်း(အရှေ့) ရပ်ကွက်များတွင် Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူ များသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာများအားနှင့် မိုးကြိုးဘေး၊ရေဘေးနှင့်စပ်လျဉ်သည့် ရှောင်ရန်/ဆောင်ရန် အချက် များနှင့် လက်ကမ်းစားစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်း အား  အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများကိုလည်းကောင်း၊

ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဓမင်းဆိပ်ကြီးကျေးရွာနှင့် ဓမင်းဆိပ်လေးကျေးရွာ တို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်း၊ ရေဘေးဗီနိုင်းပိုစတာအား အုပ်ချုပ်ရေးမှူးသို့ ပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းတို့ကိုလည်းကောင်း၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ကော့သောင်းမြို၊ မလိဝမ်းကျးရွာအတွင်းရှိ အပြည်သူများအား မိုးရာသီကာလ အတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန် အချက် များ၊ Covid_19ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်း၊ လော်စပီကာ၊Hand Speakerဖြင့် လိုက်လံဆော်သြုခြင်းများကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အလင်းရောင် ပရဟိတအသင်း၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာပေါင်း(၂၃)ရွာတို့အား Covid-19ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များ ( မိုးကြိုးဘေး ၊ လေပြင်းဘေး ၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကိုလည်းကောင်း၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ အမှတ်(၁/၂/၃/၄) ရပ်ကွက်နှင့် စမ်းကျေးရွာအုပ်စုတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန် ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့်သဘာဝဘေး အသိပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည် ၍ အသိပညာပေးလုပ်ငန်းများကိုလည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြပါသည်။

                                                     



      Hit Counter :: 31551