detail

တိုက်ပွဲရှောင်ပြည်သူများအား သွားရောက်ထောက်ပံ့

၂၀၂၀ ပြည့်နှစ်၊ လ ၂ဩဂုတ်လ ၁ ရက်ကျောက်ဖြူခရိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း စျေးတောင်ရပ်ကွက်နှင့် မိုးလုံလေလုံ အားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၆၁)စု၊ လူဦးရေ(၁၃၅၃)ဦးအတွက် ဆပ်ပြာ(၁၃၅၃)တောင့်၊ထုံး(၅ ပိဿာပါ) (၃၀) အိတ်အား တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်၍လည်းကောင်း၊ တိုက်ပွဲရှောင် စုရပ် (၅)ခုရှိ အိမ်ထောင်စု(၁၇၉)စု၊ လူဦးရေ(၈၇၂)ဦးအတွက် ဆပ်ပြာ(၈၇၂)တောင့်၊ ထုံး(၅ ပိဿာပါ) (၁၀)အိတ် ကိုလည်းကောင်း၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၁)ခု၊ ရပ်ကွက်(၉)ခုနှင့် ကျေးရွာ (၆)ရွာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ(၁၅၇၉)ဦးအတွက် ဆန်ရိက္ခာ (၂)ပတ်စာဖိုးထောက်ပံ့ငွေ (၆၆၃၁၈၀၀/-)ကျပ်ကိုလည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထံသို့လွဲပြောင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။



      Hit Counter :: 31551