detail

ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်ရန်ကုန်တိုင်းဒေသကြီး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့နှင့် (၂၉-၇-၂၀၂၀) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် နေအိမ်(၁၉)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားပြီး အိမ်ထောင်စု(၁၉)စုမှ လူဦးရေ (၇၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၉၆၀၀/-)ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၃၀-၇-၂၀၂၀)ရက်နေ့ (၁၁း၃၀)နာရီအချိန်၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း  သတင်းရရှိပါသည်။



      Hit Counter :: 31551