detail

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ(၇၅)ဦးအား မြန်မာနှင့်ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများမှ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် ပြန်လည်လွှဲပြောင်းလက်ခံ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေပြည်တော်

                   ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ ဂေဟာများမှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား(၇၅)ဦးအား (၂၉.၆.၂၀၂၀)ရက်နေ့တွင်  မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် ပြန်လည်လွှဲပြောင်းလက်ခံခဲ့သည်။ ယင်းသို့ လွှဲပြောင်းလက်ခံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်သူနိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့(မြဝတီ)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြဝတီမြို့ပြည်သူ့ဆေးရုံတို့မှ တာဝန်ရှိသူများပါဝင်သော အဖွဲ့က ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူထုလုံခြုံရေးဝန်ကြီးဌာန၊ Songkhla Shelter မှ ညွှန်ကြားရေးမှူး၊ Mr. Parinwat Thitiphonthannawit ဦးဆောင်သောအဖွဲ့ထံမှအထောက်အထား စာရွက်စာတမ်းများနှင့် လူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေစုစုပေါင်း (၅၂၄၄၁၇)ဘတ်အား လွှဲပြောင်းလက်ခံခဲ့ပါသည်။

                   ပြန်လည်လွှဲပြောင်းလက်ခံပြီးသူ(၇၅)ဦးအား  မြဝတီမြို့၊ ရွှေမြဝတီဈေးအနီးရှိ MoU ရုံးတွင်(၂၁)ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိပြီး၊ နှာခေါင်းတို့ဖတ်နမူနာယူ၍ Coronavirus ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် လိုအပ်ပါက ဆေးကုသမှုခံယူနိုင်ရေးဆောင်ရွက်ခြင်း တို့ကိုဆောင်ရွက်မည်ဖြစ်ပြီး၊ (၂၁)ရက်ကာလအတွင်း လိုအပ်ချက်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းတို့အား မိဘနေရပ် ပြန်လည်စေလွှတ်အပ်နှံရာတွင် ၎င်းတို့ရရှိလာသော ထောက်ပံ့ကြေးငွေများအား တစ်ဦး ချင်းစီအလိုက် ပြန်လည်ထုတ်ပေးမည့်အပြင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တစ်ဦးလျှင်(၂)သိန်းနှုန်း ထောက်ပံ့ပေး သွားမည်ဖြစ်ပါသည်။  ပြန်လည်လွှဲပြောင်းလက်ခံခြင်း၊ (၂၁)ရက်စောင့်ကြည့်ထားရှိခြင်းနှင့် မိဘရပ် ထံပြန်လည်စေလွှတ်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မူလက ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူ (၇၉)ဦးအား လွှဲပြောင်းလက်ခံရန်ဖြစ်သော်လည်း အမျိုးသမီး(၄)ဦးမှာ လူကုန်ကူးမှုနှင့်ဆက်စပ်၍ အခြားအမှု များအတွက် တရားရုံးတွင် သက်သေထပ်မံ ထွက်ဆိုရန်ရှိသဖြင့် (၇၅)ဦးကိုသာ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31527