detail

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူသော ပစ္စည်းထိမ်း-၅ ရာထူးနှင့် အငယ်တန်းစာရေးရာထူးအတွက် ရေးဖြေစာမေးပွဲများ ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်တိုင်းဒေသကြီး/ပြည်နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီဒေသကြီးဦးစီးမှူးရုံးမှဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့၊ (၀၉:ဝ၀) နာရီ အချိန်မှ(၁၁:၀၀)နာရီအချိန်အထိ အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေ စာမေးပွဲအား ပုသိမ်မြို့၊ အ.ထ.က(၉)၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အဆိုပါ ရေးဖြေစာမေးပွဲတွင် အငယ်တန်းစာရေးရာထူးဖြေဆိုမှုမှာ စာရင်းရှိ(၁၈၂)၊ဦး၊ ဖြေဆိုသူ(၁၁၅)ဦး၊ ပျက်ကွက်(၆၇)ဦးဖြစ်ပြီး၊ ပစ္စည်းထိန်း-၅ဖြေဆိုမှုမှာစာရင်းရှိ(၈၈)ဦး၊ဖြေဆိုသူ(၅၃)ဦး၊ပျက်ကွက် (၃၅)ဦး၊ စုစုပေါင်းစာရင်းရှိ (၂၇၀)ဦး၊ ဖြေဆိုသူ (၁၆၈)ဦး၊ ပျက်ကွက် (၁၀၂)ဦးတို့ဖြစ်ပြီး ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့တွင် ‌အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက်‌ ရေး‌ဖြေ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ ‌‌ကျင်းပပြုလုပ်ခဲ့ရာ အငယ်တန်းစာရေးရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ (၁၃၄)ဦး၊ ဖြေဆိုသူ(၆၇)ဦး၊ ပျက်ကွက်(၆၇)ဦး၊ အင်္ဂလိပ်စာဘာသာရပ်အား (၁၃:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၁၃၄)ဦး၊ ဖြေဆိုသူ(၆၆)ဦး၊ ပျက်ကွက် (၆၈)ဦး၊ ပစ္စည်းထိန်း-၅ ရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ (၇၇)ဦး၊ ဖြေဆိုသူ (၄၃)ဦး၊ ပျက်ကွက် (၃၄)ဦး၊ အင်္ဂလိပ်စာဘာသာရပ်အား (၁၃:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၇၇)ဦး၊ ဖြေဆိုသူ (၄၂)ဦးပျက်ကွက် (၃၅)ဦးဖြစ်ပြီး ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂၈-၆-၂၀၂၀) ရက်နေ့တွင် အငယ်တန်း စာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက်‌ သုတရေးရာ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး  အငယ်တန်းစာရေးရာထူး အတွက် စာရင်းရှိ (၁၃၄)ဦး၊ ဖြေဆိုသူ (၆၆)ဦး၊ ပျက်ကွက် (၆၈)ဦး၊ ပစ္စည်းထိန်း-၅ ရာထူးအတွက် စာရင်းရှိ (၇၇)ဦး၊ ဖြေဆိုသူ (၄၂)ဦး၊ ပျက်ကွက် (၃၅)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31527