detail

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၃ရက်နေပြည်တော်

 

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID - 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          (၂၂-၅-၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ထွယ်ဆန်နှင့် ဖန်ခါးကုန်း IDP စခန်း စုစုပေါင်း(၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၂၆၈)ဗူး၊ ဆပ်ပြာ (၇၁၈)ခဲ၊ ထုံးအိတ်(၂၀) အိတ်၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ လက်ဆေးစင်(၃)ခု၊ အဝတ် Mask (၁၄၃၆)ခု၊ Hand Speaker (၂)ခု နှင့် COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ ပေးခဲ့ပြီး (၂၃-၅-၂၀၂၀)ရက်နေ့တွင် မံစီမြို့နယ်ရှိ နှစ်ခြင်းနှင့် ကက်သလစ် IDP စခန်း စုစုပေါင်း(၂)ခု သို့ သွားရောက်၍ လက်သန့်ဆေးရည် (၁၀၃၈)ဗူး၊ ထုံးအိတ်(၂၀)အိတ်၊ ဆပ်ပြာ(၂၃၀၃)ခဲ၊ လက်ဆေးစင်(၉)ခု၊ အဝတ် Mask (၄၆၀၆)ခု၊ အပူချိန်တိုင်းကိရိယာ(၄)ခု၊ Hand Speaker (၂)ခု၊ ဗီနိုင်း(၂)ချပ်နှင့် အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ ခဲ့ပါသည်။

          (၂၂-၅-၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၃)ရပ်ကွက် ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင်(၁)၊ ကာလိုင်(၂) IDP စခန်း စုစုပေါင်း(၃)ခုသို့ သွားရောက်၍ အဝတ် Mask (၃၄၇၈)ခု၊ လက်သန့်ဆေးရည် (Hand gel) (၅၇၈)ဗူး၊ ဗီနိုင်း(၆)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။

 (၂၁-၅-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျီးခေါင်းတောင်ကျေးရွာ၊ တောင်ကြီးရင်းကျေးရွာ၊ ကုန်းဘောင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ မြို့မကုသိနာရုံ ဘုန်းတော်ကြီး ကျောင်း၊ ရက်ချောင်း၊ ကျေးရွာ၊ ပြားသုန်း၊ မြို့နယ်ခန်းမ၊ မဟာဝိဟာရဘုန်းတော်ကြီးကျောင်း၊ ဝိဇိတာရာမဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဆုတောင်း ပြည့်ဓမ္မာရုံ၊ ပြည်ခြားကျေးရွာ၊ အ.မ.က ကျောင်း၊ ငန်းတောင်ကျေးရွာ၊ ပေါက်တူးတောင်၊ စက်ခွေကျေးရွာ၊ သပြေတောကျေးရွာ၊ သရက်တောင်ကျေးရွာနှင့် မြေပုံမြို့နယ်ရှိ ရွှေဖောင်တောဘုန်းတော်ကြီးကျောင်း၊ ရွာသစ်ကေ ဘုန်းတော်ကြီးကျောင်း၊ နရမ်းရွာကြီး ဓမ္မာရုံ၊ နရမ်းအုပ်စု ဘုန်းတော်ကြီးကျောင်း၊ ပုညရာမ ဘုန်းတော်ကြီးကျောင်း၊ သေကန်ဘုန်းတော်ကြီးကျောင်း၊ အမ်းသားဘုန်းတော်ကြီးကျောင်း၊ သူဌေးကုန်း ဘုန်းတော်ကြီး ကျောင်း၊ ပုလဲပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အိုင်ဝန်းကျေးရွာ၊ ဓမ္မရတနာ ကျောင်း၊ ဇေယျသုခကျောင်းတိုက်၊ ကေသလာချောင်းဝကျေးရွာ၊ ဓညဝတီကျောင်းတိုက်၊ မြရတနာ ကျောင်းတိုက်၊ စပါးထားကျေးရွာ၊ ဗုဒ္ဓကျေးဇူးကျောင်းတိုက်၊ အလက(ခွဲ)စာသင် ကျောင်း၊ ဇီးပင်ကြီးဘုန်းတော်ကြီးကျောင်း၊ ကျွဲကြိုကျေးရွာ၊ ငှက်ရဲကောက်ကျေးရွာ ယာယီတိုက်ပွဲရှောင် စခန်း စုစုပေါင်း(၃၉)ခုတို့တွင် ဆပ်ပြာ(၂၀၁၅)တောင့်၊ Surgical Mask ခု၊ ထုံး(၃၁၀)အိတ်နှင့် လက်ဆေးဘေစင်(၃၈)ခုထောက်ပံ့ပေးခဲ့ပြီး    (၂၂-၅-၂၀၂၀)ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ်ရှိ ရွှေသီး၊ ငဖရုံ၊ ဝါးနက်ရုံ၊ ဒုံးသိမ်ဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများ စုစုပေါင်း တိုက်ပွဲရှောင်စခန်း (၄)ခုတို့တွင် Surgical Mask (၄၀၃၀)ခု၊ အပူချိန်တိုင်းကိရိယာ (၄)ခု၊ လက်သန့်ဆေးရည် (၁၃၉)ဗူး၊ Hand Speaker (၄)ခု၊ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၄)ခု၊ ဗီနိုင်း(၄)ချပ်၊ လက်ဆေးဘေစင်(၅)ခုနှင့် ထုံးအိတ်(၁၈)အိတ်တို့အား ထောက်ပံ့ခဲ့ပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှု ဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။



      Hit Counter :: 31514