detail

Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်ဖျာပုံခရိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ နံနက် (၁၂:၃၀) အချိန်မှ ညနေ(၁၅:၃၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရေး သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ဌက်ချောင်းကျေးရွာ၊ တမံစုကျေးရွာ၊ ကျုံလှကျေးရွာ၊ ဂွေးချောင်းကျေးရွာ၊ ဂွေးကုန်းအထက်၊ ဂွေးကုန်းအောက်ကျေးရွာ၊ ရေပလုံကွေ့ကျေးရွာ၊ ကျုံလွတ်တမံကျေးရွာ၊ မင်္ဂလာသောင်တန်းကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိူင်းများကိုလည်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31514