detail

ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်ပခုက္ကူခရိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အနောက်ဆယ်လံကျေးရွာမှ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၂၈)လုံး အိမ်ထောင်စု(၃၉)စု၊ ကျား(၄၈)ဦး၊ မ(၅၅)ဦး၊ စုစုပေါင်း(၁၀၃)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင်(၁ဝဝ,ဝဝဝ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ(၂,၈ဝဝ,ဝဝဝ/-)ကျပ်အား (၂၂-၅-၂ဝ၂ဝ)ရက်နေ့ (၁၃:ဝဝ)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31514