detail

Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်ပခုက္ကူခရိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ နံနက်(၀၈:ဝ၀)အချိန်မှ (၁၄:ဝဝ)အချိန်အထိ ပခုက္ကူမြို့နယ်၊ ကျတ်ထိုးကျေးရွာအုပ်စု၊ အနောက်တောကျေးရွာ၊ အနောက်ကုန်းကျေးရွာ၊ ကြိုးတန်းကျေးရွာနှင့် ချောင်းဆုံကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပညာပေးပန်ကြားခြင်း၊  အသိပညာပေးဗီနိုင်းပိုစတာများဝေငှခြင်းနှင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask campaign ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31514