detail

မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မြင်းခြံမြို့နယ်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၃.၂.၂၀၂၀)ရကျနေ့(၁၇း၄၀)အခြိနျ၌ မြင်းခြံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၆)တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးကူးစက် လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ(၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၉)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၀၄၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်းး(၁၈)မျိုး၊အိမ်ထောင်စု(၃)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊အိမ်ထောင်စု(၆)စုစာကို(၁၄-၂-၂၀၂၀)ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31507