detail

တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

၂၀၁၉ခုနှစ်၊နိုဝင်ဘာလ ၉ ရက်စစ်တွေခရိုင်

            လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင် ဦးစီးမှုရုံးမှ  တာဝန်ရှိသူများသည် စစ်တွေမြို့နယ် ဓမ္မာရာမဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၅၈)၊ လူဦးရေ(၂၀၆)ဦး၊ ပုဏ္ဏား ကျွန်းမြို့နယ် ဖားကြွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၆)စု၊ လူဦးရေ( ၂၀၇ )ဦး စုစုပေါင်း အိမ်ထောင်စု (၉၄)စု၊ လူဦးရေ(၄၁၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၁၂၈)အိတ်၊ (၂၅)ပြည်၊ (၄)ဗူးတို့အား (၈-၁၁-၂၀၁၉)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31441