detail

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကရခိုင်ပြည်နယ်အတွင်းကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၁၉ခုနှစ်၊အောက်တိုဘာလ ၉ ရက်နေပြည်တော်

  ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကရခိုင်ပြည်နယ်အတွင်းကွင်းဆင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ညှိနှိုင်းအစည်းအဝေးကိုယနေ့နေ့လည်ပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများမှအဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြပါသည်။

 ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်နယ် အစိုးရနှင့်အတူဝန်ကြီးဌာနအားလုံးကမိမိတို့ကဏ္ဍအလိုက်ဝိုင်းဝန်းဆောင်ရွက်ပေးနေကြပါကြောင်း၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြု ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့်ရခိုင်ပြည်နယ်အတွင်း၂၉-၉-၂၀၁၉ရက်နေ့မှ၄-၁၀-၂၀၁၉ ရက်နေ့အထိကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့်တွေ့ရှိချက်များကိုတင်ပြဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မိမိနှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်တို့သွားရောက်ကွင်းဆင်းခဲ့သည့်ခရီးစဉ်တွေ့ရှိချက်နှင့်တင်ပြ ချက်များကိုပါဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊တွေ့ရှိချက်နှင့်တင်ပြချက်များအားသက်ဆိုင်ရာဝန်ကြီးဌာနများကလည်းဌာနအလိုက် ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းဆွေးနွေးသွားရန်ဖြစ်ပါကြောင်း၊ယနေ့အစည်းအဝေးသည်ကွင်းဆင်းဆောင်ရွက်မှုအခြေအနေ များကိုသက်ဆိုင်ရာဝန်ကြီးဌာနများထံပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ ညွှန်ကြား ရေးမှူးဒေါက်တာအောင်သူရိန်က ရခိုင်ပြည်နယ်သို့ကွင်းဆင်းဆောင်ရွက်ခဲ့မှုများဖြစ်သည့်တိုက်ပွဲရှောင်တိုင်းရင်းသားများနှင့် တွေ့ဆုံ၍၄င်းတို့၏စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေး၊လုံခြုံရေးစသည့်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးကိစ္စများ၊တိုက်ပွဲ ရှောင်တိုင်းရင်းသားများအတွက်ယာယီခိုလှုံရာစခန်းများတည်ဆောက်ပြီးစီးမှုအခြေအနေများ၊UEHRD အစီအစဉ်ဖြင့်ပြန်လည် လက်ခံ မှုနှင့်ပြန်လည်နေရာချထားမှုအခြေအနေများ၊ IDP စခန်းများအခြေအနေတို့ကိုရှင်းလင်းတင်ပြခဲ့ပြီးဝန်ကြီးဌာန အလိုက် ကိုယ်စားလှယ်များကဌာနအလိုက်ဆောင်ရွက်နေမှုအခြေအနေများပြန်လည်ရှင်းလင်းကြကာဒုတိယဝန်ကြီးကပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်းသတင်းရရှိပါသည်။



      Hit Counter :: 31441