detail

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများ လာရောက်လှူဒါန်း

၂၀၁၉ခုနှစ်၊အောက်တိုဘာလ ၉ ရက်နေပြည်တော်

     မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသ များအတွက် လူသားချင်းစာနာ ထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာကျောက်မီးသွေးလုပ်ငန်း ရှင်များအသင်းကငွေကျပ်(၅၉)သိန်းကိုယနေ့မွန်လွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းပါသည်။

    ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောက်မီးသွေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းအကြောင်း ရင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယခုလိုမြန်မာ နိုင်ငံလုံးဆိုင်ရာကျောက်မီးသွေးလုပ်ငန်းရှင်များအသင်း က မိမိတို့ဝန်ကြီးဌာနအားဘေးသင့်ပြည်သူများအတွက် ပထမဆုံး အကြိမ် အဖြစ် သဘာဝဘေးဒဏ်ခံပြည်သူများအား စာနာစိတ်ဖြင့် လာရောက်လှူဒါန်းပေးကြသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဘေးဒဏ်ခံစားရသော ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ လှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ထည့်သွင်းပြီး ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အကျိုးရှိစွာအသုံးပြု လျက်ရှိပါ ကြောင်း ပြောကြားပြီး လှူဒါန်းငွေကိုလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31441