announcements
 
ကြေငြာချက်များ
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Post Date : 2020-05-25 End Date : 2020-06-30
စိတ်ဖိစီးမှုသည် ဘဝတွင် ကြုံတွေ့ရတတ်သည့် သာမန်ဖြစ်ရိုးဖြစ်စဉ် ခံစားမှုတစ်ခုဖြစ် သော်လည်း စိတ်ဖိစီးမှုဆိုင်ရာ အခြေခံအချက်များကိုသိရှိပြီး ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်သည်။ စိတ်ဖိစီးမှုသည် ထိုဖြေရှင်းနိုင်စွမ်းကိုကျော်လွန်ခြင်း (သို့မဟုတ်) ပြင်းထန်များပြားလာခြင်းများ ရှိသည့်အခါ စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။
စိတ်ဖိစီးမှု လက္ခဏာများမှာ အိပ်စက်မှုပြဿနာရှိခြင်း၊အလွန်တက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်/အူလမ်းကြောင်း ပြဿနာရှိခြင်း၊ ခေါင်းကိုက်ခြင်း/ ကိုယ်လက်ကိုက်ခဲခြင်း၊ ဒေသထွက်ခြင်း၊ ကြောက်လန့်တုန်လှုပ်ခြင်း၊ ပူဆွေးသောကရောက်ခြင်း၊ ဝမ်းနည်းခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာရှိခြင်း၊ မကောင်းတွေးခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း၊ပျင်းရိခြင်း၊အထီးကျန်ခြင်း၊ အခြားသူများကို အပြစ်တင်ခြင်း၊ လုပ်ဆောင်နိုင်စွမ်းကျဆင်းလာခြင်း တို့ခံစားရတို့ဖြစ်ပါသည်။
ထိုခံစားရမှုများကို မှန်ကန်သော နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းမှုမပြုပါက ဆိုးရွားသော စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ရောက်ရှိသွားပြီး ပြဿနာများကို ဆက်လက်ရင်ဆိုင် ဖြေရှင်း နိုင်စွမ်းလုံးဝမရှိတော့ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပြီး ရေရှည်တွင် လူမှုစီးပွား အခက်အခဲများကို ရင်ဆိုင်လာရမည်ဖြစ်သည်။ ထိုအဆင့်သို့မရောက်မီ စိတ်ဓါတ်ရေးရာ မြှင့်တင် ပေးမှု ကိုခံယူရန်လိုအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Post Date : 2020-05-25 End Date : 2020-06-30
COVID – 19 ကာလတွင် စိတ်ဖိစီးမှုများကို ကြုံတွေ့လာရတတ်ပါသည်။ ကြုံတွေ့ရသော ကိစ္စအဝဝကို ဒေါသစိတ်ဖြင့်မဖြေရှင်းမိစေရန် အမြဲသတိထားခြင်း၊ စိတ်ထွက်ပေါက်ရရှိ စေရေးအတွက် စိတ်လိုက်မာန်ပါ မပြုခြင်း၊ အရက်/ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကို ရှောင်ရှားခြင်း၊ အခက်အခဲပြဿနာရပ်များကို မိသားစုဝင်များ (သို့မဟုတ်) အနီးကပ်နေထိုင်သူများနှင့်အတူ ဝိုင်းဝန်းအဖြေရှာခြင်း၊ ရာသီဥတု၊ မိမိ၏ကျန်းမာရေးအခြေအနေတို့နှင့်လျော်ညီစွာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ မျှတသောအာဟာရ မှီဝဲခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်းတို့သည် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်း နိုင်သည့် နည်းလမ်းများဖြစ်ပါသည်။
ထိုနည်းလမ်းများကို တစ်ဦးချင်းက နားလည်သတိပြုဆင်ခြင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် စိတ်ဓါတ်ခွန်အားများကို တိုးတက်ရရှိစေကာ စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ ရှောက်ရှိခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Post Date : 2020-05-25 End Date : 2020-06-30

COVID-19 ကာလမှာမိမိတစ်ဦးတည်းသာမက လူတိုင်းစိတ်ဖိစီးမှုများ ခံစားနေကြရတယ် ဆိုတဲ့အချက်ကို သတိပြုမိရင်အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်ပိုမိုဖြစ်ပေါ် လာစေ ပါသည်။
ကိုယ်ချင်းစာစိတ်ဟာ လူတစ်ဦးနှင့်တစ်ဦးကြား၊ အမုန်းတရားပွားများမှုကိုလျော့နည်း စေပါတယ်။ ပြဿနာရပ်များကို ကြိုးစားလက်ခံဖြေရှင်းနိုင်စွမ်းလည်းမြင့်မားစေပါသည်။
ဒီလိုနည်းနဲ့ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ကာ ခံနိုင်ရည်ရပြီး တစ်ဦးချင်းစီက COVID-19 ကာလဒုက္ခများကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့အဆင့် သို့ရောက်ရှိအောင် ကြိုးစားသင့်ကြောင်း အသိပေး တိုက်တွန်းလိုပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)
COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း
Post Date : 2020-05-25 End Date : 2020-07-31

COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရန် မိမိတို့တစ်ဦးချင်းမှာ တာဝန်ရှိပြီး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။
COVID-19 ကာလကြာမြင့်လာလေ ကျန်းမာရေးအတွက် စိုးရိမ်ရမှု၊ အလုပ်အကိုင်ပြဿနာ၊ ငွေရေးကြေးရေးအခက်အခဲ၊ မိသားစုနှင့် ခွဲခွာနေရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အပြစ်တင်ခံရမှု စသည့် စိတ်ဖိစီးမှုများပိုမိုမြင့်မားလာလေ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် စိတ်ဖိစီးမှုများကို ကျော်လွှားရန်ကြိုးစားနေချိန်တွင် ညွှန်ကြားချက်များ၊ စည်းကမ်းများကိုလိုက်နာရခြင်းသည် စိတ်ဖိစီးမှုများ ကိုပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ယူဆခြင်းမပြုဘဲ ထိုချမှတ်သည့်ညွှန်ကြားချက်များ၊ စည်းကမ်းများကို အလေ့အထဖြစ်အောင် ကြိုးစားခြင်းသည် စိတ်ဖိစီးမှုများကို ခံနိုင်ရည် ရရှိလာစေမည့် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူမှုစီးပွားအခက်အခဲများကိုလည်း ဆက်လက် ဖြေရှင်းနိုင်စွမ်းရှိလာမှာဖြစ်ကြောင်း အားပေးတိုက်တွန်းအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)
IDP စခန်းများနှင့်တိုက်ပွဲရှောင်စခန်းများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးဆိုင်ရာအသိပေးနှိုးဆော်ချက်
Post Date : 2020-04-15 End Date : 2020-06-30
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID - 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် ရေးဆွဲအတည်ပြုပြီးဖြစ်သည့်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ သက်ဆိုင်ရာစခန်းများရှိ စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် စခန်းတွင် နေထိုင်သူများက အောက်ပါလုပ်ငန်းရပ်များကိုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါ သည်။
 စခန်းများတွင်တပ်ဆင်ပေးထားသော လက်ဆေးဘေစင်များတွင် ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောပါ၊
 အများသုံးအိမ်သာများနှင့် ရေချိုးရန်နေရာများကိုအသုံးပြုရာတွင် တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြု ရန်နှင့် အချင်းချင်းထိတွေ့မှုအနည်းဆုံးဖြစ်စေရေး သတိပြုဆောင်ရွက်ပါ၊
 စခန်းများတွင်နေထိုင်လျက်ရှိသည့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများအား ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက်အထူးသတိပြုနေထိုင်ပါ၊
 နေ့စဉ်ကိုယ်ပူချိန်တိုင်းခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် ပညာပေးခြင်း တို့ကို စခန်းတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက စနစ်တကျအလှည့်ကျတာဝန်ယူ ဆောင်ရွက်ပါ၊
 စခန်းတွင်းနေထိုင်သူများ ပြင်ပသို့ သွားလာခြင်းမပြုလုပ်ရန်နှင့် မဖြစ်မနေအပြင်ထွက်ရန် လိုအပ်သူများက စာရင်းရေးသွင်းပြုစုထားပြီး အဝင်/ အထွက်ပြုလုပ်တိုင်း ပုံမှန်အပူချိန် တိုင်းတာ ခြင်း၊ ခွဲစိတ်ခန်း သုံးပါးစပ်နှင့်နှာခေါင်းစည်း (သို့မဟုတ်) အဝတ်ဖြင့်ချုပ်ထားသည့် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းများကို တိကျစွာ ဆောင်ရွက်ပါ၊  စခန်းတွင်းသို့ ပြင်ပမှဧည့်သည်များဝင်ရောက်ခြင်းကို တားမြစ်ထားပါ၊
 COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊တုံ့ပြန်ရေးနှင့် စပ်လျဉ်း၍စခန်းအတွင်းထူးခြားဖြစ်စဉ်များနှင့် လိုအပ်ချက်များကို တာဝန်ရှိသူအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ပါ၊
 COVID-19 ရောဂါလက္ခဏာများတွေ့ရှိရပါက ညွှန်ကြားထားသည့် လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ် အတိုင်း လိုက်နာဆောင်ရွက်ပါ။
 စောင့်ကြည့်လူနာများနှင့်သံသယလူနာများကို အချိန်မီလွှဲပို့နိုင်ရေးအတွက် သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ကြိုတင်ချိတ်ဆက် ထားပါ၊
 COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစိုးရဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာ ဆောင်ရွက်ပါ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
Quarantine အစီအစဉ်များတွင် ပါဝင်နေသူများ အတွက် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှု ရယူနိုင်ရေး အသိပေးကြေညာချက်
Post Date : 2020-04-08
ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများ တွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) နှင့် အခြား Quarantine အစီအစဉ်များတွင် ပါဝင်နေသူများ အတွက် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှု ရယူနိုင်ရေး အသိပေးကြေညာချက်

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် (၁၄) ရက်တာ အသွားအလာ ကန့်သတ်ခြင်း (သို့) တားမြစ်ခြင်းတို့ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့် ဆက်စပ်သောအကြောင်းများကြောင့် Quarantine အစီအစဉ်များတွင် ပါဝင်နေသူများ အနေဖြင့် စိတ်ဖိစီးမှုများ ခံစားရနိုင်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ပေး လျက်ရှိရာ နှစ်သိမ့်ဆွေးနွေးမှုခံယူလိုသူများအနေဖြင့် မိမိတို့ ကိုယ်တိုင် စိတ်ချယုံကြည်စွာ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းကို နေပြည်တော် ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အထူးလေ့ကျင့်ပေးထား သော လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် နံနက် (၀၉:၃၀) နာရီ မှ ညနေ (၁၆:၃၀) နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ဤအစီအစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု ဖြင့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်ကြသော MPT, Mytel, Telenorနှင့် Ooredoo တို့က COVID-19 ကူးစက်ကပ်ရောဂါဘေး ရင်ဆိုင်နေရစဉ် ကာလအတွင်း အခမဲ့ ဝန်ဆောင်မှု ပေးမည်ဖြစ်ပါသည်။
နှစ်သိမ့်ဆွေးနွေးမှုခံယူသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူး အလေးထား ကာကွယ်ပေးသွားမည်ဖြစ်ပြီး အခြားလူမှုရေးနည်းလမ်းဖြင့် ကူညီဆောင်ရွက် ပေးရန် လိုအပ်ပါက ဆက်လက်ညွှန်းပို့ ချိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး များအလိုက် ဖော်ပြထားပါသည်။
တင်ဒါခေါ်ယူခြင်းကိစ္စ
Post Date : 2020-04-07 End Date : 2020-05-12
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသည် သဘာဝဘေးမဖြစ်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွား နေစဉ် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ပူးတွဲပါ PDF ဖိုင်ပါ ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-
ကူးစက်ရောဂါဘေးအန္တရာယ်ကျရောက်ချိန်တွင် ထုတ်ပြန်ထားသောဥပဒေများကို ပြည်သူများက လိုက်နာခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်။
Post Date : 2020-03-27 End Date : 2020-04-30
Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြု ချက်များအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-------
ညွှန်ကြားချက်အမှတ်(၁/၂၀၂၀)
Post Date : 2020-03-18 End Date : 2020-04-30
Coronavirus Disease 2019 (COVID-19)ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ"၏ အတည်ပြုချက်ဖြင့်ထုတ်ပြန်သည့် ညွှန်ကြားချက်အားပူးတွဲပါဖိုင်တွင်ကြည့်ရှုနိုင်ပါသည်။
Covid -19 ကူးစက်ပြန့်ပွားမှုသည်လူစုလူဝေးများမှတစ်ဆင့် လျန်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသော ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ သင်တန်းကျောင်းများနှင့်ဌာနငယ်များသို့ လာရောက်လှူဒါန်းသောအလှူရှင်များနှင့် မိမိတို့ ဝန်ကြီးဌာနနှင့် MoU ရေးထိုးဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ မေတ္တာရပ်ခံချက်
Post Date : 2020-03-18 End Date : 2020-04-30
Covid -19 ကူးစက်ပြန့်ပွားမှုသည်လူစုလူဝေးများမှတစ်ဆင့် လျန်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသော ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ သင်တန်းကျောင်းများနှင့်ဌာနငယ်များသို့ လာရောက်လှူဒါန်းသောအလှူရှင်များနှင့် မိမိတို့ ဝန်ကြီးဌာနနှင့် MoU ရေးထိုးဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ မေတ္တာရပ်ခံချက်အားပူးတွဲပါဖိုင်တွင်ကြည့်ရှုနိုင်ပါသည်။

      Hit Counter :: 31641